ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ဖွဲ့စည်းထားတဲ့ Association of United Nationalities-ဂျပန်က မနက်ဖြန် ဩဂုတ်လ ၆ ရက် ဒေသစံတော်ချိန်ညနေ ၃ နာရီကနေ ၆ နာရီထိ Takadanobaba Station တွင် အလှူငွေကောက်ခံခြင်းကိမ်ပိန်းပြုလုပ်မယ်လို့သိရတယ်။
Association of United Nationalities-ဂျပန် လူမှုကွန်ရက်စာမျက်နှာတွင် အခုလိုရေးသားထားပါတယ်။
မြန်မာပြည်ကြီးကိုဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ်အမြန်ဆုံးမြင်တွေနိုင်ဖို့ရာအတွက်ဝိုင်းဝန်းကြိုးစားနေကြတဲ့အာဏာရှင်စနစ်ကိုတော်လှန်နေသူတွေအားလုံး အဖွဲ့အစည်းအားလုံးကိုအမြဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့နိုင်ငံမှာစစ်ရဲ့ဆိုးဒဏ်ကိုခံစားနေရတဲ့ပြည်သူတွေများစွာရှိလာခဲ့တဲ့အတွက်များများနဲ့မြန်မြန်ပေးအပ်နိုင်ဖို့ရန်အတွက်အချိန်အနည်းငယ်ဖဲ့ပေးနိုင်သူညီအကိုမောင်နှမ မည်သူမဆိုလာရောက်ကူညီပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့စောင့် မျှော်နေပါမယ်ဗျ။ တစ်နာရီဖြစ်ဖြစ်နာရီဝက်ဖြစ်ဖြစ်အချိန်လေးလှူပေးကြပါအုံးနော်။
အရေးတော်ပုံအောင်ရမည်။ နိုင်ကို နိုင်မယ့်ပွဲမို့ ပြည်တွင်းမှ ညီအစ်ကိုမောင်နှမများလဲ အားတင်းထားကြပါ။
ကျွန်တော်တို့ပြည်ပကလဲအတတ်နိုင်ဆုံးရတဲ့နေရာကနေရနိုင်အောင်ကြိုးစားပါမယ်လို့ ဖော်ပြထားပါတယ်။