ဂျပန်နိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးမှ ဂျပန်တွင်ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားသများအတွက် လစဉ်ဝင်ငွေခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။
ထုတ်ပြန်ချက်အရ ဂျပန်တွင်အလုပ် လုပ်ကိုင်နေသည့် မြန်မာပြည်သူများအနေဖြင့် တစ်လပျမ်းမျှဝင်ငွေ ယန်း ၂ သိန်း ရရှိသူများမှာ ဝင်ငွေခွန်ယန်း ၄ ထောင် အဖြစ်သတ်မှတ်ထားပြီး သက်သာခွင့်အဖြစ် ယန်း ၂ ထောင် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ပျမ်းမျှဝင်ငွေ ၂ သိန်းအောက်ရရှိသူများအနေဖြင့် ယန်းေငွသုံးထောင်သတ်မှတ်ထားပြီး သက်သာခွင့်အဖြစ် ယန်းေငွတစ်ထောင် စသဖြင့် လစဉ်ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြည်ပနေမြန်မာနိုင်ငံသားများ၏ လစာအပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ပယ်ဖျက်ခဲ့သည်။
ဝင်ငွေခွန်ပေးဆောင်ခြင်းသည် မိမိနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများအတွက် ပါဝင်ကူညီခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ ကားများကို အခွန်ငွေဆောင်ခဲ့သည့်ပြေလွှာများဖြင့် ဝယ်ယူပါက သက်သာခွင့်များရရှိမည်ဖြစ်ကြောင်း ပါရှိသည်။
ထို့နောက် ဒီဇင်ဘာလအတွင်းတွင် စင်္ကာပူ၊ ကိုးရီးယား၊ မလေးရှား ထိုင်း စသည့်နိုင်ငံများရှိ သံရုံးအသီးသီးမှ နိုင်ငံခြားရောက် မြန်မာပြည်သူတို့ရရှိသည့် လစာဝင်ငွေ၏ နှစ်ရာခိုင်နှုန်းကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။