ဧရာ၀တီတိုင်း၊ ရေကြည်မြိုနယ်၊ ငသိုင်းချောင်းမြို အမက(ရေတံခွန်) ကျောင်းတွင် ဆိုလာတပ်ဆင်ဖိုအကြောင်းပြချက်ဖြင့် ကျောင်းသား ကျောင်းသူများထံမှ ငွေများ အတင်းကောက်ခံနေကြောင်း သိရသည်။ ကျောင်းသားများထံမှခေါင်းစဥ်အမျိုးမျိုးနဲ့လစဥ်ငွေကောက်ခံနေသလို ဆိုလာတပ်ဆင်ရန်အတွက် ငွေကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားကောက်ခံနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
“ဇွန်လ ကျောင်းစဖွင့်ထဲက တစ်လတစ်ခါခေါင်းစဥ်အမျိုးမျိုးနဲ့ကောက်နေတာ။ တော်ကြာ သန့်ရှင်းရေးလုပ်ဖို၊ အိမ်သာပြင်ဖိုအစုံပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်သို ပြောသည်။ ဇူလိူင်လအတွင်းမှာ ကျောင်းမှာ ဆိုလာ တပ်ဆင်ဖိုအတွက်နှင့် အခြားကိစ္စများအတွက်ခေါင်းစဥ်တပ်ကာကျောင်းသား တစ်ဦးကို ငွေကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားကောက် ခံနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ဧရာ၀တီတိုင်းက မြိုနယ်တစ်ချိုရှိစာသင် ကျောင်းများတွင် ကျောင်းသားများထံမှ ငွေကြေးကောက်ခံမှုများရှိနေပြီး အချိုကျောင်းများတွင် ဆရာ၊ဆရာမ မရှိတာကြောင့် ပြင်ပမှ သင်ကြားသူများကို ကျောင်းသားများထံမှ လစဥ်ငွေကောက်ခံပြီးဌားရမ်းသင်ကြားနေကြောင်း သိရှိရသည်။