ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ စခန်းပေါင်း ၁၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးမျှော်မှန်းချက်များထဲမှ တစ်ခုဖြစ်သည့် “လောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရေးနှင့် ဆက်စပ်သော ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနယ်မြေများတွင် ဆက်လက်စစ်ဆေးကာ ဆောင်ရွက်လျက်ရှိသည်။”ဟု သိရသည်။
“မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှစ၍ (၈) ရက်မြောက်နေ့ထိ ရန်သူ့ စစ်တပ်စခန်းအကြီး၊ အငယ်နှင့် ယာယီတပ်စခန်းများ စုစုပေါင်း (၁၀၀) ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။” ၁၀၂၇ စစ်ဆင်ရေး သတင်းထုတ်ပြန်ချက် စာမျက်နှာတွင် တွေ့ရသည်။
AA နှင့် စစ်ကောင်စီတပ်သည် လက်ရှိအချိန် ရက္ခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများ ယခင်ထက် ပိုမိုများပြားလာနေသည်ကို တွေ့ရှိနေရသည်ဟုလည်း ဆိုသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)လည်း ယနေ့ နိုင်ဝင်ဘာ ၄ ရက်နေ့တွင် မိုးမိတ်နှင့် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည့်သူ့စစ်စခန်းများကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်း သိရသည်။