အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ မြေပြင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီမီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေကို လိုအပ်တဲ့ စားနပ် ရိက္ခာ၊အမိုးအကာနဲ့ အရေးပေါ်လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ ပေးထား တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်လုံခြုံရေးစိတ်ချရတဲ့ နေရာတွေမှာ ယာယီတဲတွေနဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက် ပေးနိုင်ဖို့ အရေးပေါ် အမိုးအကာတွေကို ပံ့ပိုးပေးနေတယ်လို့ ဆိုထားပါတယ်။