စစ်ကိုင်းတိုင်းအတွင်းသို တာဝန်ကျပြောင်းရွှေ့လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲဝင်များကို စစ်ကောင်စီတပ်သားများနှင့်အတူ လက်နက်ငယ်သင်တန်း ပိုချပေးပြီး စစ်ယူနီဖောင်းဝတ်ဆင်စေပြီး စစ်ဆင်ရေးများလုပ်ဆောင်ခိုင်းနေကြောင်း ရဲတပ်ဖွဲဝင်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းသို ပြောင်းရွှေ့လာရသည့် ရဲဝန်ထမ်းများကို ယခု ဇူလိုင်လဆန်းမှ စတင်ကာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို ပြောင်းရွှေတာဝန်နဲ့သွားရမယ်ဆိုပြီးဟိုရောက်တော့ သူတို(စစ်ကောင်စီတပ်) ရဲ့ စစ်ယူနီဖောင်း ပြောင်းဝတ်ခိုင်းပြီး ရှေ့တန်းကိုအပိုခံနေရတယ်။ ကျွန်တော်တိုက အကြောင်းအမျိုးမျိုးကြောင့် CDM မဝင်နိုင်ဖြစ်နေပြီး ရှောင်တိမ်းမရတဲ့အချိန်မှာ ပြောင်းရွှေခံလိုက်ရတာပါ။ အခုတော့ စစ်ကောင်စီတပ်လုပ်ဆောင်နေတဲ့ ရွာတွေ မီးရှိတာ ၊ အပြစ်မဲ့ ပြည်သူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေလုပ်နေတယ်” ဟု စစ်ကိုင်တိုင်းအတွင်းရှိ မြိုနယ်တစ်ခုသို ပြောင်းရွှေခံခဲ့ရသည့် ရဲတပ်ဖွဲဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ယခင်က ရဲတပ်ဖွဲဝင်များကို အပြောင်းအရွှေ့ပြုလုပ်ရာတွင် ရခိုင်ပြည်နယ်သို အဓိက ပြောင်းရွှေကြရခြင်းဖြစ်ပြီး ယခုအခါတွင် အကြောင်းအမျိုးမျိုးပြကာ စစ်ကိုင်းတိုင်း ၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များသို ပိုဆောင်နေကြောင်း ရဲတပ်ဖွဲနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံကသိရသည်။
“မကောင်းမှန်းသိသိကြီးနဲ့ကို လုပ်နေရတယ် ။ မလုပ်ဖြစ်အောင်တော့ကြိုးစားနေတာပေါ့။ ရဲထဲဝင်တုန်းကပြည်သူကိုကာကွယ်ဖိုပါ။ အခုက ကိုယ့်မိသားစုတောင်ကာကွယ်ပိုင်ခွင့်မရှိဖြစ်နေပြီ။ မလုပ်နိုင်လိုထွက်ပြေးရင်လည်း ကျန်ခဲ့တဲ့မိသားစုဝင်တွေကိုရက်စက်ရာကျတာမို မဖြစ်မနေကို စစ်ကောင်စီ အလိုကျနေနေရတယ်” ဟု စစ်ကိုင်းတိုင်းသို ပြောင်းရွှေ့ခြင်းခံရသည့် ရဲတပ်ဖွဲဝင်ကဆိုသည်။