အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသဟု သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် နယ် မြောက်ပိုင်းတို့တွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ်ပွား ပြီး အကြမ်းဖက်စစ်သား ၄၀၀ ဦးသေဆုံးကာ ၅၇၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က တရားဝင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၄၀၀ ဦးသေဆုံးကြောင်း၊ ထို့ပြင် စစ်သား ၅၇၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၂၆ ဦး တိုင်းပြည် နှင့်ဖက်ဒ ရယ်ဒီမိုကရေစီ စနစ်အတွက် အသက်ပေးလှူခဲ့ရပြီး တော်လှန်ရေးရဲဘော် ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော လက်နက်မျိုးစုံ ၂၆ လက် အပါအဝင် ဒရုန်း ၁ စီး၊ ဗုံးသီး ၁ လုံးကျည်အမျိုးစုံ ၈၄ တောင့်သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်း အဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၅၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၉၃ ကြိမ်၊ ပစ်ခတ်တိုက် ခိုက်မှု ၁၈၈ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၇၉ ကြိမ်ဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ ၊ ဒရုန်း ဖြင့် တိုက်ခိုက်မှု ၃ ကြိမ်ရှိကြောင်း သိရသည်။