အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာရှိတဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Conflict Management Training (၇/၂၀၂၃)ကို အောက်တိုဘာလ ၅ ရက် ၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်အကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့တာပါ။
သင်တန်းမှာ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ပဋိပက္ခ/ပြဿနာ ရပ်ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီးဖြေရှင်းဆောင်ရွက်မှုများ၊ သဘောတရားများ၊ အကြမ်းဖက်မှု အမျိုးအစားများအား ကောင်းစွာနားလည်သဘောပေါက်လာစေရေး၊ သင်တန်းသားများရဲ့ ပဋိပက္ခ ဆိုင်ရာ ဖြေရှင်းရန် လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ပြီး ကိုယ်တိုင်ဖြေရှင်း ဆောင်ရွက် နိုင်မှုများကို ကောင်းမွန်စွာအသုံးပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။