စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီနေ့ (မေလ ၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာပေါင်းစုံ သပိတ်ကော်မတီက ဦးဆောင်ကာ “သွေးမကွဲနဲ့သွေးမအေးနဲ့ ဘုံရန်သူကို မမေ့နဲ့” စာသားနဲ့ ညနေဆည်းဆာ လူထုသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဦးဆောင်ကာ စစ်ကောင်စီရဲ့ မတရားတဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရန် ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်မှာလည်း DDMSC ရဲဘော်တွေ ဦးဆောင်ပြီး ရွာခံပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုနဲ့အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ လူထုအားလုံးပါဝင်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ “အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုအားလုံးပါဝင်ပေး” ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။