စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့အညီ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့ (၂၇) ဖွဲ့ကို တွေ့ဆုံ ညှိနှိုင်း၊ မူဝါဒများချမှတ်ကာ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီး၊ စစ်ဘေးရှောင် ကူညီ၊ကယ်ဆယ်ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာ ထောက်ထားမှုရေးရာဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းဖိုရမ်ဆွေးနွေးသဘောထားစုစည်းချက်များထဲမှ အထွေထွေ ကဏ္ဍ ဆွေးနွေးချက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ အရေးပေါ် လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ မြေပြင်ပြည်သူများကို ကူညီ၊ကယ်ဆယ်နိုင်ရန် ဒေသတွင်း စစ်ရှောင်ကူညီ၊ ကယ်ဆယ်ရေး အဖွဲ့များကို စုစည်းကာ ပိုမိုထိရောက်သော လူသားချင်းစာနာကူညီရေး ကွန်ရက်တခုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့မှ ဇူလိုင် ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့တာပါ။