စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင်ဈေးဝယ်ထွက်လာသည့် ပျူများနှင့် မိုင်းရှင်းရန် ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှ ပျူစောထီးများ ဈေး ဝယ်ထွက်ရန် မိုင်းရှင်းလာသည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ဈေးဝယ်ထွက် လာသည့် ပျူစောထီးများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ပဲ သိရတယ်၊ သေဆုံးမှု ရှိ၊ မရှိတော့ မသိရသေးဘူး၊ ဒရုန်းနဲ့ချတော့ ကားတွေ ထားပြီး လမ်းဘေးတွေ ဆင်းပြေးကြတယ်၊ သစ်ပင်အောက်တွေ ပြေးဝပ်ကြတာပေါ့၊ အဲဒါ ကြောင့် သူတို့ဝင်သွားတဲ့ သစ်ပင်အောက်ကို လိုက်ချတာပါ” ဟု ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon ၊ Phoenix SGG နှင့် စစ်ကိုင်း ခရိုင် တပ်ရင်း ၇ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။