စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကူကြီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း SDF Special Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ကာ စစ်ကိုင်းမြို့နယ်၊ ကူကြီးကုန်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကို Mi 35 ရဟတ်ယာဥ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” တိုက်ပွဲက ၂နာရီလောက် ကြာသွားတယ်။ တိုက်ပွဲ ဖြစ်တာကတော့ နံနက်အစောက သူတို့စစ်ကြောင်းထိုးလာတဲ့ အချိန် ဖြစ်တာ စစ်ခွေး ၂ ကောင်ကတော့ကျွန်တော်တို့ SDF က ရဲဘော်တွေ ပစ်လိုက်တာ သေဆုံးသွားတယ်။
ကျန်တဲ့ အဖွဲ့က ရဲဘော်တွေပစ်တာလည်း ထိတယ်ပြောတယ်။ စစ်ခွေး သေစာရင်း အရေအတွက် တိတိကျကျတော့ မသိရသေးဘူး” ဟု SDF Special Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။