စစ်ကိုင်းမြို့နယ် သုံးလင့်ရွာ ၊ ကင်းတော်ရွာ ၊ ကိုင်းပြင်ရွာ ၊ လက်ပန်တောရွာ ၊ မြင်းဆည်ရွာ ၊ ဥယာဥ်ရွာ ၊ မြစ်သာရွာ စသည့်ကျေးရွာများကို အကြမ်းဖက်စစ်ခွေးကောင်များမှ စစ်ကြောင်းထိုးဝင်ရောက် ပြည်သူပိုင်နေအိမ်များကို အဓမ္မမီးရှို့ဖျက်ဆီးနေကြကြောင်း ဒေသတွင်းအရင်းအမြစ်၏ အတည်ပြုထားချက်အရ သိရှိရပါတယ်။
ယနေ့ အကြမ်းဖက်စစ်ခွေးကောင်များရန်ကြောင့် ဒေသခံပြည်သူအများအပြား မိုးထဲရေထဲတွင် ရေလမ်းမပေါက် ကုန်းလမ်းမပေါက်သော လယ်ကွင်းများ အင်းများကိုဖြတ်၍ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နှင့် ဖမ်းဆီးခံပြည်သူများလည်း ရက်ရက်စက်စက် သတ်ဖြတ်ခံနေရကြောင်း အရေးပေါ်အကူအညီများလည်း လိုအပ်လျှက်ရှိနေကြောင်း “Sagaing District Medical Team” မှ တင်ပြအကူညီတောင်းခံထားကြောင်း ဖော်ပြထားပါတယ်။