စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း People’s Knight Defens Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည် ထွက်ခွာလာသည့် စစ်တပ်၏ ၁၂ ဘီးကား ၇ စီး ပါ ယာဥ်တန်းကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တတိယ ကားကို ထိမှန်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ဦးတည် ထွက်ခွာ လာသော ကား ၁၆ စီးပါ ယာဥ်တန်းကို ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာ အကြားတွင် သုံးကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ယနေ့ ညနေ ၄ နာရီ ခန့်တွင် စစ်ကားများကို ကင်းယူ ပေးသော စစ်တပ် ကင်းပုန်းသည် မိုင်းကွင်းထဲသို့ ရောက်ရှိလာစဥ် မိုင်းဆွဲ တိုင်ခိုက်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
” စစ်ခွေး ယာဥ်တန်းကို ကင်ယူထားတာ အများကြီးပဲ ကင်းတွေ ကြားထဲကနေ ကျွန်တော်တို့ မိုင်းဆွဲခဲ့ရတာ ကင်းယူထားတဲ့ ကောင်တွေက မိုင်းဆွဲတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု
People’s Knight Defens Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စသော မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။