အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မနေ့က ဩဂုတ်လ ၂၂ရက်နေ့မှာ စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဒုဥက္ကဌ စိုးဝင်းကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့် သတင်းစာတွေမှာဖော်ပြထားပါတယ်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ပြုလုပ်ဖို့ လျာထားကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ယခင် ၂၀၁၄ ခုနှစ်တုန်းက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာမှာ နိုင်ငံတကာ ကငွေကြေးနဲ့ နည်းပညာ အကူအညီပေးခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အကူအညီမရဘူးလို့ စစ်ကောင်စီဒုဥက္ကဌ စိုးဝင်း က ပြောပါတယ်။
သန်ခေါင်းစာရင်း ကောက်ယူရာမှာ စိန်ခေါ်မှုများ နဲ့ လုံခြုံရေး အခက်အခဲတွေကြုံတွေ့ ရနိုင်တယ်လို့ ဒုတိယ စစ်ခေါင်းဆောင်က ဝန်ခံခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းလည်း ရွေးကောက်ပွဲ အတွက် လို့ဆိုပြီး နိုင်ငံတစ်ဝန်းမှာ အိမ်ထောင်စု နဲ့ လူဦးရေးစာရင်းကောက်ယူခဲ့ပါသေးတယ်။အဲ့ဒီကောက်ယူမှုမှာတော့ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။