စစ်ကောင်စီတပ်စွဲထားသည့်လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းကို တော်လှန်ရေးအင်အားစုများက ယနေ့ (မေလ၂၂ရက်) နံနက် ၁နာရီ ၁၀မိနစ်တွင် အစောပိုင်းတွင် ရှော့တိုက်ဒုန်း လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“ပစ်ခတ်တာက ပထမတစ်ချက်ကြားတယ်။နောက်ထပ်သုံးချက်ဆက် ထပ်ကြားတယ်။ အိမ်တောင်တုန်တယ်” ဟု လားရှို့မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ထိခိုက်မှုကို မသိရသေးပေ။နည်းပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦအပေါ်ထပ် အမိုးအား ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ ထို့အပြင် ကျောင်းအနီးရှိ စစ်မှုထမ်းဟောင်းရပ်ထဲမှ နေအိမ်အချို့လည်း ပျက်စီးခဲ့သည်ဟု မြို့ခံများကပြောသည်။
” စစ်တပ်က ကျောင်းထဲမှာ တပ်စွဲထားတယ်။ စစ်တပ်ဘက် ဒဏ်ရာရတာရှိမရှိမသိသေးဘူး။ ဒီနေ့မနက်တော့ စစ်တပ်နဲ့ သူတို့သတင်းပေးတွေ ဓာတ်ပုံလာရိုက်တာတွေ့တယ်” ဟု မြို့ခံတစ်ဦးကပြောသည်။