မကွေးတိုင်း ဆောမြို့နယ် ဆော – ကျောက်ထု လမ်းပိုင်းကို လတ်တလော စစ်ရေးအခြေအနေအရ ယန့မနက်မှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် ပိတ်ပင်လိုက်ကြောင်း ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်း The Youth Force-Saw & Kyaukhtu က သတင်းထုတ်ပြန်သည်။
သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များထံ အကြောင်းမကြားဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာအားလုံးကို တာဝန်ယူနိုင်မည်မဟုတ်ကြောင်းလည်း ယနေ့ ဇူလိုင် ၁၃ရက်မနက်တွင် ထုတ်ပြန်သည့် အရေးပေါ် သတိပေးချက်တွင် ဖော်ပြထားသည်။
“ အခုပဲကျွန်တော်ဆီကိုသတင်းပို့လာတယ်။အမြောက်
တပ်(ကျောက်ထုအမြောက်တပ်)ကနေဆောဘက်ကို စစ်
ကြောင်းထွက်လာလို့ ။ မနေ့ကနေ ထွက်ဖို့သူတို့ စောင့်နေတာ အခုပဲထွက်လာကြပြီ။ တောလမ်းအတိုင်းပဲ ထွက်လာကြပြီ စစ်ကြောင်းက။ သူတို့ဘယ်သွားမလဲတော့ မသိဘူး။ဟိုဘက် ဆောဘက်ကလည်း စစ်ကြောင်းထွက်လာတယ်။ လောင်းရှည်ကနေ ကျင်ဒွေးကိုသွားမယ်လို့တော့ သတင်းရနေတယ်” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
လောင်းရှည်မှ ထွက်လာသည့် စစ်ယာဉ်တန်းသည် ရိက္ခာပို့ရန်ဖြစ်နိုင်ပြီးကျောက်ထုမှ ထွက်လာသည့် စစ်ကြောင်းသည် နယ်မြေရှင်းလင်းရန်ဖြစ်နိုင်သည်ဟုလည်း၎င်းကခန့်မှန်းပြောကြားသည်။ ကျောက်ထုမှ ပေါက်သို့သွားမည့်စစ်ကား ၁၃စီးမှာလည်းမထွက်သေးဘဲ ကျောက်ထုတွင်ရှိနေသေးကြောင်း ၎င်းကဆက်ပြောသည်။
“အခုတောင် အမြောက်သံ အချက်ပေါင်း ၂၀လောက်ကြားနေရပြီ။ လောင်းရှည်ဘက်မှာ” ဟုဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။