မြန်မာစစ်တပ်ကို လေယာဥ်ဆီ တင်ပိုခြင်း(သို့မဟုတ်)ရောင်းချခြင်း မပြုရန် အစိုးရများကို တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီ ၄ ရက်တွင် ချမှတ်လိုက်သည်။
UNHRC ၏ အဖွဲ့ဝင် ၄၇ နိုင်ငံက တကယ်၍အာဏာသိမ်း မြန်မာစစ်တပ်သည် ပြည်တွင်း သို့တင်သွင်းလာသောလေယာဉ်ဆီများကို အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် အသုံးချနေကြောင်း ယုံကြည်ရသည့် အခြေအနေတွင် နိုင်ငံတကာ အစိုးရများက မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီ တင်သွင်းမှု တားမြစ်ပိတ်ပင်ထားရေး စုပေါင်း တောင်းဆိုသင့်ကြောင်း ဘုံသဘောတူညီချက်ကို လက်ခံခဲ့ကြသည်။
မြန်မာစစ်တပ်သည် လေကြောင်း တိုက်ခိုက်ရေးစွမ်းရည် အားသာချက်ကို ကျင့်ဝတ်မဲ့ အသုံးချပြီး အရပ်သား ဧရိယာများကိုပါ မရှောင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကာလရှည်ကြာ နာမည်ဆိုး ထွက်ခဲ့ပြီးသားဖြစ်သည်။
UNHRC က မြန်မာနိုင်ငံထံသို့ စစ်လက်နက်၊ ခဲယမ်းမီးကျောက်များနဲ့ တခြား စစ်သုံးပစ္စည်းများတရားမဝင် တင်သွင်းရောင်းချနေမှုများကိုပါ ဟန့်တားရန်လည်း တိုက်တွန်း တင်ပြခဲ့သည်။
NHRCရဲ့ လွတ်လပ်တဲ့ ပညာရှင် အစုအဖွဲ့ တစ်ခုက မြန်မာစစ်တပ်သည် တော်လှန်ရေး အင်အားစုများနှင့် မြေပြင်စစ်ပွဲများ အရှုံးတွေနဲ့ ပိုမိုရင်ဆိုင်ရလေလေ၊ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုပိုမို အရှိန်မြှင့်လေလေ ဖြစ်နေကြောင်း ပြီးခဲ့တဲ့လက သတိပေးခဲ့သည်။
ထိုအပြင် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းများနှင့် အခြားအချက်အလက်တွေကို ဇန်နဝါရီလက ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံဆီ လေယာဉ်ဆီ ပို့ဆောင်မှု ကွန်ရက်များကို ဖြတ်တောက်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းကို အစဉ်တစိုက် တောင်းဆိုနေသည်။
ဇန်နဝါရီက မြန်မာစစ်တပ်၏ လေယာဥ်ဆီလိုအပ်ချက်အတွက််ပိတ််ဆို့အရေးယူမှုများကို ရှောင််ရှားကာ သင်္ဘောဖြင့်တင််ပို့ရန် ကြိုးပမ်းမှုအချက်အလက်များ ထောက်ပြခဲ့သည်။ ယခင်နှစ်က ဗီယက်နမ်နိုင်ငံရှိ သိုလှောင်ကန်နှင့် တိုက်ရိုက်ချိတ်ဆက်မှုဖြင့် မြန်မာသို့ သင်္ဘောဖြင့် လေယာဥ််ဆီတင််ပို့မှု အနည််းဆုံး ၇ ကြိမ်ရှိခဲ့ကြောင်း AI က ဆိုသည််။
လက်ရှိ လူ့အခွင့်အရေးကောင််စီအဖွဲ့ဝင််နိုင်ငံ ဗီယက််နမ်သည် ကောင်စီ၏တူညီဆန္ဒနှင့်အတူ ရပ်တည်ထောက်ခံခြင်းမရှိပေ။
ကောင်စီ၏ အထက်ပါဆုံးဖြတ်ချက််နှင့်ပတ်သက်၍ ““ဒါဟာ စစ်ရာဇ၀တ်မှုကျူးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသူတွေကို လေယာဉ်ဆီထောက်ပံ့ပေးနေတာကို ပုံမှန်အတိုင်း စီးပွားရေးလုပ်ရင် လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ ကုလသမဂ္ဂရဲ့ပင််မ လူ့အခွင့်အရေးကောင််စီရဲ့ အရေးကြီးတဲ့ သတင်းစကားပါ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင််ရာ Amnesty International ၏ ကိုယ်စားလှယ် Iniyan Ilango က မှတ်ချက်ပြုသည်။
ဆက်လက်ပြီး ၎င်းက ကောင်စီ၏ဆုံးဖြတ်ချက်ကို “အစကောင်းတဲ့ခြေလှမ်း”ဖြစ်ကြောင်း ပြောသော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်ကောင်စီထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းရန် အရေးယူချမှတ်သင့်ကြောင်း တိုက်တွန်းသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စတင်ခဲ့သော UNHRCရဲ့ ယခုနှစ် ပထမအကြိမ် စည်းဝေးမှု အပြီးသတ် အစီအစဉ်မှာ မြန်မာနှင့်ပတ်သပ်သောယခုဆုံးဖြတ်ချက် ပါဝင်လာခြင်း ဖြစ်သည်။
ထို့အပြင်အပြင် မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စသည့် နိုင်ငံများနှင့်ပတ်သက်သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။