ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က ဦးဆောင်ပြီး စစ်ကောင်စီပိုင်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ လူထုသပိတ်လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့နေ့လယ်ပိုင်းမှာ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုမှာ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဆိုတဲ့ ဘန်နာနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။