မြန်မာနိုင်ငံတွင်းလက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမယ့်လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖိုမရှိဘူးလို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ (UNFPA) က ထုတ်ပြန်ရှင်းလင်းလိုက်ပါတယ်။
UNFPA ရဲ့ အာရှ − ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာ ပီယိုစမ်သ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမယ့်အစီအစဉ်ကို ပံ့ပိုဖိုအစီအစဉ်မရှိကြောင်း ထပ်လောင်းအသိပေးလာတာပါ။
စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော်မှာ လဝက ဝန်ကြီးနဲ့ မစ္စတာ ပီယိုစမစ်သ်တို တွေ့ဆုံချိန်က သန်ခေါင်းစာရင်းကောက်ယူရေးမှာ UNFPA ပူးပေါင်းမယ့် အစီအစဉ် ရှိသယောင် သတင်းထုတ်ပြန်ထားပါတယ်။
အလားတူသတင်းထုတ်ပြန်မှုမျိုးကို အခုနှစ် ဇူလိုင်လလယ်ပိုင်းနဲ့ သြဂုတ်လကုန်ပိုင်းက နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်ကလည်း စစ်ကောင်စီဘက်က သတင်းလွှင့်ခဲ့ဖူးပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအစီအစဉ်မှာ ပါဝင်ဖိုမရှိတာကို UNFPA အာရှ − ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ ရဲ့ နေပြည်တော်ခရီးစဉ်အပြီး ဒီဇင်ဘာ ၂၀ ရက်မှာ UNFPA ဘက်က ထပ်မံ အတည်ပြုခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ဟာ အချက်အလက်တွေကောက်ယူရာမှာ ပွင့်လင်းမြင်သာဖို ၊ သမာသမတ်ကျဖိုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေအပေါ် အခြေခံ ထားတာလို လည်း UNFPA က ဆိုပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံချိန်က UNFPA ဝန်ထမ်းတွေကို မြန်မာ ပြည်ဝင်ခွင့် ဗီဇာပေးဖို ၊ အမျိုးသမီးတွေကို ကယ်ဆယ်စောင့်ရှောက်နိုင်ဖို ပြည်တွင်းမှာ ခရီးသွားလာခွင့်ပြုရေး ကိစ္စရပ်တွေ ဆွေးနွေးဖြစ်ခဲ့တယ်လို UNFPA ကအသိပေးပါတယ်။
မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ လူ ၂သန်းကျော်မှာ အမျိုးသမီးနဲ့ ကလေးငယ်ဟာ ထက်ဝက်ကျော်ပါတယ်လို ကုလအေဂျင်စီက ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖိုဆိုရင် မဲစာရင်းမှန်ကန်ဖို လိုပြီး မဲစာရင်းမှန်ဖိုအတွက် လာမယ့်နှစ် အောက်တိုဘာလမှာ သန်းခေါင်စာရင်းကောက်ယူမယ်လို ကြေညာထားပါတယ်။