ကရင်နီပြည်နယ်က တိုက်ပွဲတွေ အတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ KNDF တပ်ရင်း (၆) က ရဲဘော် ၆ ဦး တစ်လပြည့် အဖြစ် အလံတစ်ဝက်ချကာ ဂုဏ်ပြုခဲ့တယ်လို့ KNDF B-06 က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မေလ ၂၄ ရက်၊ ည ၉ နာရီခန့်က ဒီးမော့ဆို အနောက်ခြမ်းကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၆ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် ရဲဘော် ၅ ဦးဖြစ်တဲ့ ရဲမေ မာရီယာမေဝမ်း၊ ရဲဘော် မာတေးအို၊ ရဲဘော် ဖရန်စစ်စကိုမောင်လိုက်၊ ရဲဘော် ဂျွန်ဖိလစ် နဲ့ ရဲဘော် ဘောစကို တို့ ကျဆုံးခဲ့ပါတယ်။
ကျဆုံး ရဲဘော်တွေကို စစ်အာဏာရှင်စနစ် တိုက်ထုတ်ရင်း ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုပြီး ကျန်ရဲဘော်တွေ အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ KNDF တပ်ရင်း (၆) က ကတိပြု ပြောဆိုပါတယ်။
ကရင်နီပြည်နယ် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်အားကို သုံးပြီး တိုက်ခိုက်နေကာ မြေပြင်တိုက်ပွဲတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်က စစ်ရေး အသာစီးနဲ့ တိုက်ခိုက်နိုင်တယ်လို့ KNDF တပ်သား တစ်ဦးက ပြောပါတယ်။