ရှမ်း/မြောက်၊ မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက် အစောပိုင်းအချိန် နံနက် ၆နာရီ ၈မိနစ်ခန့်က ပေါက်ကွဲသံနှင့်အတူ တိုယိုတာ ဆယ်စီရာကားအဖြူနောက်ကို လိုက်လံပစ်ခတ်သော ရဲတပ်သားများ၏ လက်ဖြောင့် စွမ်းရည်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ပထမရဲတပ်သားက ရှေ့ကကားကိုမဲပြီး လိုက်ပစ်စဉ် နောက်မှရဲတပ်သားကလဲ မြင်ကွင်းမရှင်းပဲ ပစ်ခတ်စဉ် အချင်းချင်း ပစ်ခတ်မိပြီး ရှေ့က ရဲ၏ ဖင်ကို တည့်တည့်သွားမှန်ကြောင်း တွေ့ရပါသည်။
“ဘယ်လိုပစ်လိုက်တာလဲ ၊ငါမှန်ပြီ.. ငါမှန်ပြီ”ဟုပြောကာ လဲကျသွားကြောင်းတွေ့ရှိရပါသည်။
ပြီးနောက် ရှက်ရမ်းရမ်းကာ အနီးရှိနေအိမ်များမှ မိသားစုဝင်များကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ အိမ်ရှေ့ထွက် ဒူးထောက်စေကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ဗီဒီယိုထဲတွင် မထင်မရှားတွေ့ရပါသည်။