စစ်ကောင်စီ၏ နေပြည်တော်ကို တန်ပြန်ထိုးစစ်အတွက် စစ်ဆင်ရေးများ ပြင်ဆင်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြား သည်။
လွန်ခဲ့သည့် သုံးလ ကစ၍ ကရင်နီ ဒေသ(အထူးသဖြင့် ပင်လောင်း၊ဖယ်ခုံ ဘက်)မှ မြေပြင် အင်အား ၁,၀၀၀ ကျော် အပြင် လေကြောင်းမှတဆင့် နေပြည်တော် ကို ကာကွယ်ရန် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်ဟု ၎င်းက ပြောသည်။
“စစ်ကောင်စီရဲ့ နေပြည်တော်ရန်ကိုကျွန်တော်တို့ဘက်က ခုခံကာကွယ်တိုက်ခိုက်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဖြည့်တင်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။စစ်ကောင်စီက ပြီးခဲ့တဲ့သုံးလ လုံး လုံးဗျူဟာ ၁ ဘက် ပင်လောင်းဘက်ကနေ မှ ဖယ်ခုံမြို့ ပြီးရင်တော့ ဒီးမော့ဆိုဘက်ကို ထိုးဖောက်ဖို့ အကြိမ် ကြိမ် ကြိုးစား ခဲ့တယ်။အင်အား ၁,၀၀၀ ကျော် သုံးပြီးမှ ချေမှုန်းရေး တွေ အဆက်မပြတ်လုပ်ခဲ့တယ်။လေယာဥ်တွေနဲ့ပေါ့။ဒါပေမယ့် ကျွန်တော်တို့ ဗျူဟာ ၁ ဘက်က ခုခံကာကွယ်နိုင်ခဲ့တယ်။အခုချိန်မှာ ကျွန်တော်တို့ဘက်က ခုခံကာကွယ် နိုင်ရုံနဲ့ မပြီးတော့ဘဲ ဒီထက်ပိုကောင်းတဲ့ စစ် ဆင်ရေးတွေ ပြင်ဆင်နေပါတယ်”ဟု KNDF ဥက္ကဌက ရှင်းပြသည်။
ထို့ကြောင့် KNDF၏ ဗျူဟာ ၁ လက်အောက်ခံ တပ် ရင်းများ ၏ ပိုမိုအားကောင်းသည့် စစ်ဆင်ရေး များ ဖော်ဆောင်ရန် မောင်းပြန်အလက်၁၀၀ဖြည့်တင်နိုင်ရန် “ကရင်နီ အိပ်မက်” ဖေ့ဘုတ်စ်ပေ့ချ်မှတဆင့် ပါဝင်ဖြည့်တင်းပေးရန်လည်း မေတ္တာရပ်ခံသည်။
“ဗျူဟာ ၁ ဘက်ကို မောင်းပြန်အလက် ၁၀၀ ကူနိုင်ဖို့အတွက် အထူးအလှူခံလိုပါတယ်။ဒီစစ်ဆင်ရေးတွေကတော်လှန်ရေး ၂၀၂၃ ရဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီ မောင်းပြန် ၁၀၀ ခန့်မှန်းခြေသိန်းတစ်သောင်းအထိ ပါဝင်ကူညီနိုင်ဖို့ အထူးတိုက်တွန်းလိုပါတယ်”ခွန်းဘီထူးက ပြောသည်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်ရာ၌ ကရင်နီတပ်ပေါင်းစုမှာ အောင်မြင်မှုများစွာရရှိနေပြီး မကြာသေးမီကပင် မယ်စဲ့ မြို့ကို ရရှိခဲ့သည်။
ထို့အတူ လမ်းများအားလုံးနေပြည်တော်သို့ဆိုရာတွင် ကရင်နီကဖောက်သည့် လမ်းသည် အတိုဆုံးသော၊အဖြောင့်ဆုံးသော၊အကျယ်ဆုံးသောအမြန်လမ်းမကြီး ဖြစ်ကြောင်း KNDF ၏ “ကရင်နီအိပ်မက်”က အသိ ပေးသည်။