ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ စစ်ကောင်စီ၏ ချောင်း ၀ တပ်စခန်းကို KIA ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် သိမ်း ပိုက်ရရှိပြီဖြစ် ကြောင်း သိရှိရသည်။
ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် အင်းတော်ကြီးဒေသရှိ ချောင်း၀ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေများကိုလည်း မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ ညောင်ပင်စခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဝှေ့လုံစခန်းတွင် ခမရ-၁၁၁(၀န်းသို)မှ ဗိုလ်မှူး ဗညားစံ ဦးစီးသောအင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသောစခန်းဖြစ်ကြောင်း သိရှိရသည်။