အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေး ခြင်းကို နေပြည်တော်မှာရှိတဲ့ Non CDM ဝန်ထမ်းတွေနဲ့ စမ်းသပ်လုပ် ဆောင်လျက်ရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အခု ဩဂုတ်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကောင်စီအဖွဲ့ဝင်များ ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေမှာရှိတဲ့ အလှည့်ကျ ဝန်ကြီးဌာနအလိုက် Non CDM ဝန်ထမ်းတွေကို အီလက်ထရောနစ်မဲစနစ်နဲ့ မဲပေးနည်းကို စမ်းသပ်လုပ်ဆောင်လျက်ရှိနေပါတယ်။