၁၀၂၇ စစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မန်တုံမြို့နယ် စစ်ကောင်စီတပ်၏ ခိုမုန်းတပ်စခန်းအားTNLA ကတိုက်ခိုက်သိမ်းပိုက်စဥ် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများကို ထုတ်ပြန်သည်။
ဒီဇင်ဘာ ၇ရက်နေ့ ညနေ ၄ နာရီ ခွဲအချိန်တွင်ခိုမုန်းစခန်းကို တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက်(၅)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းအသိပေးထား PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။
ထိုအပြင် ဒီဇင်ဘာ ၇ ရက်တွင် ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲရှိ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နေ့လယ် ၁၁နာရီ ၃၅ မိနစ်တွင် TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၀ လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ အနေဖြင့် လယ်ကြီးတပ်စခန်းဘက်တွင် တိုက်လေယာဉ်ဖြင့် ၁၂ကြိမ် လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။