အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော် လက်နက်ချ အညံ့ခံပြီးနောက် “၀” ပြည်နယ်အစိုးရက ဟိုပန်နှင့်ပန်လုံ ဒေသနှစ်ခုကို လွှဲပြောင်း ရယူပြီး တရားဝင် စတင်အုပ်ချုပ်နေပြီဖြစ်ကြောင်း UWSA “၀” တပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဟိုပန်နှင့်ပန်လုံဒေသ နှစ်ခုကို “၀”ပြည်နယ် ပြည်သူ့အစိုးရထံသို့ လွှဲပြောင်းလက်ခံသည့် အခမ်းအနားကို ဟိုပန် မြို့တော် ခန်းမ တွင် ကျင်းပခဲ့ပြီး ဗဟို”၀”ပြည်နယ်ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ဟိုပန်နှင့် ပန်လုံမြို့များကို ညီနောင်မဟာမိတ် တပ်များက ဇန်နဝါရီလ ၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး UWSA ထံကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ဟိုပန်နှင့်ပင်လုံဒေသမှ စစ်ကောင်စီ တပ်သား ၇၀၀ ခန့် လက်နက်ချ အညံ့ခံခဲ့ပြီး အညံ့ခံသော စစ်သားများကို လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
ဟိုပန်မြို့နှင့် ပန်လုံမြို့များသည် ‘ဝ’ လူမျိုးပိုင်မြို့များ ဖြစ်ပြီး ၁၉၉၀ ခုနှစ် အာဏာရှင် စောမောင် လက်ထက် UWSA ထံသို့ လွှဲပြောင်းရာတွင် ကျန်ရှိခဲ့ သော မြို့များဖြစ်ကြောင်း၊ ၃၄ နှစ်အကြာမှ UWSA လက်ထက်ပထမဆုံး ပြန်လည် ရယူခြင်းဖြစ်ကြောင်း သိရှိရသည်။