ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ တောင်ငူ – လွိုင်ကော်ကားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) – သံတောင်က သတင်းထုတ်ပြန်သည်။
သံတောင်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ၏ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သော တောင်ငူ-လိပ်သိုလ် -လွိုင်ကော်ကားလမ်းတွင်ရှိသော ချောင်းကူးတံတား တစ်စင်းအား ယနေ့ ဒီဇင်ဘာ ၂၄ရက် နံနက် ၂နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။
အဆိုပါ ဖောက်ခွဲမှုကို KNUတပ်မဟာ(၂)၊တပ်ရင်း(၅) ပူးပေါင်းတပ်ဖွဲ့(သံတောင်)မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားခြင်းဖြစ်ကြောင်း အသိပေးသည်။
ပြည်သူများအနေဖြင့်လည်း အဆိုပါ တံတား ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းများ၌ ပါဝင်ပတ်သက်ခြင်းမပြုရန် သံတောင် PDFက အသိပေးထားပြီး ပါဝင်ပတ်သက်မိပါက အသက် အန္တရာယ် တာဝန်မယူကြောင်း ထုတ်ပြန်သည်။