စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာမှ တောင်သူလယ်သမားများက ယနေ့(ဩဂုတ် ၂၇ရက်) နံနက်တွင် တောင်ယာလုပ်ငန်းခွင်ဝင်ရင်း လယ်ကွင်းစိမ်းထဲမှတဆင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့သည်။
လယ်ယာလုပ်ငန်းခွင်ဝင်နေကြသော တောင်သူလယ်သမားများက အရေးတော်ပုံအောင်ရမည်ဟုရေးထားသော စာတန်းနှင့် တော်လှန်ရေးအလံကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်ကို အသွေးအသားထဲက ရွံသွားကြပြီ။ အာဏာရှင် ခွေးကျ၊ဝက်ကျ ပြုတ်ကျသွားတဲ့အထိ တိုက်ကြမှာဗျ”ဟု ခင်ဦးမြို့ခံတစ်ဦးက ပြောသည်။
ခင်ဦးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေသည့်ကြားမှ အညာသူအညာသား တောင်သူလယ်သမားများက စစ်ကျွန်မခံကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၅ရက်က စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၆၁ က ခင်ဦးမြို့ ကြာပင်အိုင်၊သရက်ပင်ဝန်း၊ညောင်ပင်ကြီးစု၊သိမ်တော်နှင့် ပင်တင်းရွာအနီး စစ်ကောင်းနှစ်ကြောင်းခွဲဝင်လာ၍ ပင် ဒေသခံရှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။