စစ်ကိုင်းတိုင်း၊ မုံရွာ၊ ကနီနဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၊ တပ်ရင်း ၄ က စစ်ကြောင်းထွက်တဲ့ သင်တန်းဓာတ်ပုံတွေကို မနေ့ သြဂုတ် ၂၀ မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတပ်ရင်း ၄ ဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
သြဂုတ် ၆ ရက်နေ့မှာ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကြား တစ်နေရာမှာ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။