သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၏ စစ်ဆင်ရေးနယ်မြေတွင် ပါဝင်သည့် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွါးနေကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။
အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာကြခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖော်ဆောင်ရာတွင် စစ်ကောင်စီ တပ်သားများနှင့် ၄င်းတို့လိုက်ပါလာသည့် မော်တော်ယာဥ်များအနီးတွင် ပြည်သူများသွားလာနေထိုင်ကြခြင်းတို့ကြောင့် ပြည်သူများ မထိခိုက်စေရန် စစ်ဆင်ရေးတချို့ကို ရပ်ဆိုင်းခဲ့ရခြင်းများ ရှိနေသည့်အတွက် ယနေ့ (၂၅.၉.၂၀၂၃)မှ စတင်၍ မိမိတို့တပ်ရင်း၏ စစ်ဆင်ရေးနယ်မြေ ပဲခူးရိုးမအတွင်းအား မိဘပြည်သူများအနေဖြင့် လုံးဝ (လုံးဝ) မသွားလာကြရန် ကြိုတင်အသိပေးကြောင်း ထုတ်ပြန်ကြေငြာထားသည်။