ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ စစ်တပ်ပိုင် ထုတ်ကုန်၊ ဝန်ဆောင်မှုလုပ်ငန်း(၈)မျိုးကို ဆန့်ကျင်သပိတ်မှောက်ဖို့နဲ့ စစ်ကောင်စီရဲ့ အခြေခံစီးပွားရေးထောက်တိုင်တွေကို လူထုအားနဲ့ ဆန့်ကျင်ဖြိုချဖို့ လှုံ့ဆော်တိုက်တွန်းခဲ့ကြပါတယ်။