စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူတာ၊ ရောင်းချတာ၊ စားသုံးတာ မလုပ်ကြဖို့ အသိပညာပေးတဲ့လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဒီနေ့မှာပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို DDMSC ရဲ့ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၃ ရွာက ကုန်စုံဆိုင်တွေနဲ့ အရက်ဘီယာဆိုင်တွေမှာ သွားရောက်လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။