ပြည်တွင်းရွှေစျေးကွက်တွင် ယမန်နေ့ စစ်တပ်ဘက်မှ ကတော်နှင့် အမျိုးအဆက်အနွယ်များ ယမန်နေ့ ရွှေစျေးကွက်တွင် အခေါက်ရွှေ ဝယ်ယူမှုများပြားခဲ့ပြီး ငွေကျပ် နှစ်သောင်းတန်အသစ် ထုတ်ဝေမည့် သတင်းကြိုတင်သိရှိခဲ့ပုံရကြေင်း ရွှေကုန်သည်တချို့က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ငွေကျပ် နှစ်သောင်းတန်ငွေစက္ကူသစ် ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ယင်းကြေညာချက်ကြောင့် ရွှေစျေးကွက်တွင် အရောင်းအဝယ် ရပ်ဆိုင်းသွားကြောင်း၊ ရွှေဆိုင်အများစုက အရောင်း ပိတ်လိုက်ကြကြောင်း၊ ယမန်နေ့တွင် ရွှေဝယ်ယူခဲ့ကြသော စစ်တပ်ဘက်မှ အဆက်အနွယ်များတွင် သတင်းကြိုတင် သိရှိခဲ့ကြပုံရကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
“မနေ့ကတည်းက စစ်ဘက်အဆက်တွေကသတင်းကြိုရတယ်ထင်တယ်။ အဝယ်တွေချည်းပဲ။ အခုဈေးကွက်အခြေအနေက တစ်ကျပ်သား ၁၀သိန်း အမြတ်ရရင်တောင် မလုပ်ရဲတော့ဘူး။ တကယ်ရှင်းရင် ဒီထက် အဆ ၃၀ ၄၀ ပိုကုန်မှာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ရွှေစျေးနှုန်းသည် ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၃ သိန်း ဝန်းကျင်စျေးရှိခဲ့သော်လည်း ယနေ့တွင်မူ ပေါက်စျေးမရှိတော့ဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားပြီဖြစ်ကြောင်း၊ ရောင်းသူမရှိတော့ဘဲ ဝယ်သူများသာ များပြားနေကြောင်း သိရှိရသည်။