စစ်တောင်းမြစ်အနောက်ကမ်းမှာရှိတဲ့ စစ်မြေပြင်ရဲ့ စစ်ကြောင်းတွေထံကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ရဲ့ အမှာစကားတွေနဲ့အတူ လမ်းညွှန်မှုတွေကိုလည်း စစ်ကြောင်းမှူးတွေနဲ့ ရဲဘော်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီနောက် စစ်ဒေသတာဝန်ရှိသူများနဲ့ ၂၀၂၃ ခုနှစ် စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က “ယခုလို့ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေး သော့ချက် ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေ ကြားထဲမှာတင်မကဘဲ ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေ တိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း ” ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒုစစ်ဒေသမူးရဲဘော်တင်ဦးအပါအဝင် စစ်ကြောင်းတာဝန်ရှိသူများနဲ့ စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUG ဖြည့်ဆည်းဆောင်ရွက်ရမယ် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။
ဒါအပြင် Royal peacock စစ်ကြောင်းမှုးတွေက လုံခြုံရေးနဲ့ နယ်မြေအခြေအနေများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ကြပါတယ်။