ကရင်အမျိုးအသားအစည်းအရုံး (KNU) ကော်သူလေး အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ(၃) နယ်မြေ၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာလှူဒါန်းမှု၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုဘေးမှ ကြိုတင်ကာကွယ်နိုင်ရန် သင်တန်းများ ပို့ချပေးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ၊ ခလယ်လွီထူခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ကူညီရေးလုပ်ငန်းစဥ်ကို အောက်တိုဘာ ၁၈ ရက်က စတင်ကာ စစ်ရှောင်ပြည်သူများလိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးများကို Free Burma Ranger(FBR) က အဓိကထောက်ပံပေးခဲ့ပြီး၊ KNU လယ်ဒို ကျန်းမာရေးဌာနနဲ့ ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့က စစ်ရှောင်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ လက်နက်ကြီးဘေး ၊ လေကြောင်းတိုက်ခိုက်မှုဘေးတို့မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သင်းတန်းများ ပို့ချပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။