စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့(နေပြည်တော်)နှင့် တပ်ရင်း ၉၀၁ တို့ တိုက်ခိုက်ရေး စစ်သင်တန်းများ ပေးနေပြီး စစ်မှုမထမ်းလိုသည့် လူငယ်များပါ ပါဝင်တက်ရောက်နေကြောင်း သိရှိရသည်။
“စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း မြို့ပြကိုစွန့်ခွာလာတဲ့ ရဲဘော်အသစ်တွေလည်း ဒီသင်တန်းမှာပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ သင်တန်းတွင် တပ်ရင်း ၉၀၁ နှင့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ ရဲဘော်များ၏ (၁/၂၀၂၄) ပူးပေါင်း တက်ရောက်နေကြကြောင်း သိရှိရသည်။