ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ် အခြေစိုက်၊ Development Media Group (DMG)သတင်းဌာန ရုံးချုပ်ကို အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး သတင်းထောက် ၁ ဦးနဲ့ ရုံးစောင့် ၁ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ Development Media Group (DMG) က ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၂ နာရီခန့် မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စသုံးလုံး၊ SB အထူးသတင်း တပ်ဖွဲ့၊ရဲတပ်ဖွဲ့၊အကြမ်းဖက် စစ်သား ၂၀ ဦးခန့်ပါ ကား ၃ စီးနဲ့ လာရောက်ဖမ်းဆီးသွားသလို ရုံးသုံးကင်မရာ ၊ ကွန်ပျူတာများကို သိမ်း ဆည်းသွားပြီး၊ သတင်းဌာန ရုံးချုပ်ကိုလည်း ချိတ်ပိတ်သွား ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ (DMG) သတင်းထောက် နဲ့ ညစောင့်တိုကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး၊ဖမ်းဆီးသွားခြင်းရဲ့ အကြောင်း အရင်းကိုတော့ တိတိကျကျ မသိရှိရသေးလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီက အခုလို သတင်းဌာနရုံးချုပ်ကို ချိတ် ပိတ်ပြီး၊သတင်းသမား ၁ ဦးနဲ့ ရုံးစောင့် ၁ ဦးတို့ကို ဖမ်းဆီးသွားတဲ့ လုပ်ရပ်အပေါ် Development Media Group (DMG) သတင်းဌာနက ပြင်းပြင်ထန်ထန်ရှုပ်ချတယ်လို့ အသိပေး ဖော်ပြထားပါတယ်။