စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဓားမဆိုင်းတပ်ရင်း (၂၈)မှ တည်ထောင်ထားသည့် အနိုင်းမဲ့ရင်ခွင်ဆေးခန်းမှနေ၍ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို မီးဖွားပေးခဲ့ရာ ၁၄ ယောက်မြောက် ကလေးငယ်ကို မွေးဖွားပေးနိုင်ခဲ့ကြောင်းသိရသည်။
အနိုင်းမဲ့ရင်ခွင်ဆေးခန်းမှ စစ်သူနာပြုတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲမေလေးများက စစ်ဘေး ရှောင်နေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို မီးဖွားပေးခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိ ကလေးငယ် ၁၄ ယောက်မြောက်ကို အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေထဲမှာ ပါလာတဲ့ ကိုယ်ဝန်ဆောင်တွေကို ကျန်းမာရေး စောက်ရှောက် မှု့ပေးရင်း မီးဖွားပေးခဲ့ပါ။ ဇူလိုင်လကနေ ဩဂုတ်လ ၁၀ရက်နေ့ အထိ တစ်လထဲမှာ ကိုး ဦး မွေးဖွားပေးခဲ့တယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) နှင့် အနိုင်းမဲ့ရင်ခွင် ဆေးခန်းတည် ထောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အနိုင်းမဲ့ရင်ခွင်ဆေးခန်းသည် ထိခိုက်ဒဏ်ရာရရှိလာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အချိန်မီ ကုသပေးနေသည့်အပြင် စစ်ဘေးရှောင်နေရသည့် ဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို မီးဖွားပေးခြင်းနှင့် ဒေသခံများအတွက် ကျန်းမာရေး စောင့်ရှောက် မှုများနှင့် ဆေးကုသမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အနိုင်းမဲ့ရင်ခွင်ဆေးခန်းကို တော်လှန်ရေးလုပ်ဆောင်ရင်း ၂၀၂၃ ခုနှစ်မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ ဩဂုတ်လ၁၀ ရက်နေ့အထိ မိန်းကလေး ရှစ် ဦးနှင့် ယောကျ်ားကလေး ခြောက်ဦး စုစုပေါင်း ကလေးငယ် ၁၄ ဦးအထိ ကောင်းမွန်စွာ မွေးဖွားပေး နိုင်ခဲ့ကြောင်း သိရသည်