စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ လုပ်သားရွာက စစ်ဘေးရှောင်ပြည်သူတွေအတွက် WJ အဖွဲ့က ကျပ်သိန်း ၁၂၀ ခန့် တန်ဖိုးရှိ စားနပ်ရိက္ခာ နဲ့ လူသုံးကုန် ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုကို WJ ဝန်ထမ်းများနဲ့အတူ တိုက်နယ် ၇ ပအဖ၊ ပကဖတာဝန်ခံများ၊ ပလဖရဲဘော်များက ဇွန် ၆ ရက်မှာ မြေပြင်ကို သွားရောက်ပြီး ကူညီထောက်ပံ့ခဲ့ကြတာပါ။
လုပ်သားရွာက အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးရွာဖြစ်တဲ့ အင်မထီးရွာအနီး ကပ်လျက်ရှိတဲ့ ရွာဖြစ်ပြီးတော့ မီးရှို့ဖျက်ဆီးခဲ့ထားရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။