စစ်ကိုင်းတိုင်း အရာတော်မြို့ အမှတ်(၁)ရပ်ကွက်က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးအောင်ကြည် ဧပြီလ(၉)ရက်မနက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ အရာတော်ပို့စ်ကဖော်ပြထားပါတယ်။
ပစ်သတ်ခံလိုက်ရတဲ့ အရာတော်မြို့အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်ဟာစစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဖို့အတွက် အရာတော်မြို့က လူငယ်တွေကို အဓမ္မ စစ်သားသစ် စုဆောင်းပေးနေသူတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။အရာတော်မြို့ပေါ်က လူငယ်(၁၅)ဦးကို စစ်မှုထမ်းဖို့အတွက် ဖိအားပေးဆင့်ခေါ်ခဲ့သလိုစစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းဥပဒေအသက်၀င်ဖို့တက်တက်ကြွကြွ လှုပ်ရှားနေသူဖြစ်တယ်လို့လည်း အရာတော်ပို့စ်ကဖော်ပြပါတယ်။