ကချင်ပြည်နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းကို ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး စစ်ရေး အခြေအနေကြောင့် ယာယီပိတ်ထားမှာ ဖြစ်ကြောင်း ခရီးသွား ပြည်သူတွေက ပြောပါတယ်။
မနေ့က ဖားကန့်ကနေ မြစ်ကြီးနားကို ဆင်းလာရာမှာ တစ်နေကုန် တိုက်ပွဲ ဖြစ်နေလို့ လက်ရှိ နန့်ယားမှာ ပိတ်မိနေတယ်လို့ ခရီးသွား တစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်။ ဒီနေ့ကစ လမ်းပိတ်တာ သေချာသွားပြီ။ ဘယ်နှစ်ရက် ဘာညာတော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်ဘက် အသွားအလာ ရပ်ဆိုင်း ထားဖို့ KIA က သတိပေးထားတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့ဝောာ့ လမ်းမှာ အခက်တွေ့ပြီ။ ဆက်သွားလို့လည်း မရဘူး” လို့ နောက်ထပ် ခရီးသွား ပြည်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က အမျိုးသားတွေကို ပေါ်တာဆွဲနေလို့ အပြင်မထွက်ဘူးလို့ သူက ပြောပါတယ်။
“ဒီနေ့က စပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို KIA ဘက်က ခဏ ပိတ်ထားတယိ” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက အတည်ပြု ပြောပါတယ်။
စစ်ကောင်စီဘက်က KIA လို့ သံသယ ရှိသူတွေကို ဖမ်းဆီးနေတယ် ဆိုပေမယ့် အရပ်သား ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် အသုံးပြုလာတာကြောင့် ပြည်သူတွေ နစ်နာမှာ စိုးရိမ်လို့ လမ်းပိတ်ထားရတာလို့ သိရပေမယ့် အသိပေး ထုတ်ပြန်စာဝော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။