ယမန်နေ့ မေလ (၂၂)ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းဆင်းပွဲကို အကျဥ်းချုပ်ပြုလုပ်ခဲ့ပါတယ်။
လက်ရှိတိုက်ပွဲအခြေနေတွေကြောင့် စစ်ကောင်စီရဲ့ လေယာဥ်ပျံသန်းမှု မကြာခဏရှိနေတဲ့အတွက် ကျောင်းဆင်းပွဲကို အကျဉ်းချုံးပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျောင်းဆင်းပွဲမှာ ကျောင်းသူ၊ ကျောင်းသားတွေကို ထူးချွန်ဆု ချီးမြှင့်ခြင်း နဲ့ ဆရာ၊ ဆရာမတွေကို မေတ္တာလက်ဆောင်ပေးအပ်ခြင်း အစီအစဉ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကျောင်းမှာ ကျောင်းသူကျောင်းသား(၈၀)ဦးရှိပြီး ဆရာ၊ ဆရာမ ၆ ဦးကနေ သင်ကြားပေးနေတာဖြစ်ပါတယ်။