ဒီကနေ့ ဇန်နန်ဝါရီလ ၃ ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ လူမှုအသင်းအဖွဲ့ တစ်ခုကနေ မိုင်းအန္တာရယ် အသိပညာပေး အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စွဲနေရာယူခဲ့တဲ့ နေရာအများစုမှာ မြေမြုပ်မိုင်းတွေကို ထောင်ထားခဲ့တာကြောင့် မမြင်နိုင်တဲ့ မြေမြုပ်မိုင်းတွေ ရဲ့ အန္တာရယ်ကို စစ်ရှောင်တွေ အထူးသတိထား သိရှိစေဖို့ ပြုလုပ်ပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တပ်ဆုတ်ခွာခဲ့ပေမဲ့ မြေမြှုပ်မိုင်းအန္တာရယ်ကြောင့် ဒေသခံတွေက နေရပ်ပြန် နေထိုင်လို့ မရသေးပါဘူး။