ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ IEC ကနေ လေကြောင်းအန္တာရယ် ကာကွယ်ရေး အသိပညာပေး အစီအစဥ်ကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ စစ်ဘေး ရှောင်တွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိင်ဖို့ Free Burma Ranger ကနေ လက်တွေ့ သရုပ်ပြ ပြုလုပ်ပေးခြင်း၊ စစ်ရှောင်တွေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို လက်တွေ့ပြန်လှည်ပြုလုပ်ခိုင်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။
အဆိုပါ စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်မှ တိုက်လေယာဥ် (၂)စီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင်တစ်ဦး သေဆုံးတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။