အညာပစ်တိုင်းထောင်လေးများ ဦးဆောင်သော အညာမြေစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကလေးသူငယ်များ ပညာရေး၊ကျန်းမာရေးနှင့် ကိုယ်၀န်ဆောင်များ သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်ပြုစုရန် ရန်ပုံငွေရရှိရေးအတွက် “စစ်ရှောင်ပြည်သူများနှင့် တို့အတူရပ်တည်ကြောင်းသက်သေထူ (အင်္ကျီ+ဆွဲအိတ်) ၀ယ်လို့ကူ….” ကမ်ပိန်း ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွေဦးမျိုးဆက်မဟာမိတ်အဖွဲ့၊ SGA ထောက်ပို့အဖွဲ့မှ အင်္ကျီနှင့် လက်ဆွဲအိတ်များကို စီစဉ်ရောင်းချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ရောင်းချပေးသွားမည် ဖြစ်ကာ အင်္ကျီ တထည်လျှင် ၂၀၀ ဘတ်၊အိတ်တလုံးလျှင် ၁၅၀ ဘတ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။