စစ်ကိုင်းတိုင်း၊ အညာဒေသရဲ့ စစ်ဘေးသင့်ပြည်သူများကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့သို့ နွေဦးတော်လှန်ရေးဆရာတော် နဲ့ ဘန်းပကုန်းမြို့ အိတ်ရုံတရားပွဲမှ သုံးဘီး ဆိုက်တွဲ တစီး ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် မီးဘေးသင့် စစ်ရှောင်များအား ထမင်း ကျွေးမွေး လှူဒါန်းရာမှာ အသုံးပြုရန် အတွက် ငွေကျပ် ၅၃၅၀၀၀၀ (ငါးဆယ့် သုံးသိန်းငါးသောင်း) တန်တဲ့ ဆိုက်တွဲတစီး လက်ခံရရှိခဲ့တယ် လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဒီနေ့ ရက်စွဲနဲ့ အလှူ ဂုဏ်ပြု မှတ်တမ်း လွှာကို ထုတ်ပြန်ခဲ့ပါတယ်။
အညာဒေသ ရက်ရှည်စစ်ရှောင်ပြည်သူများကိုလည်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့က နေ့စဥ် ရက်စက် ထမင်းလှူဒါန်းနေတယ်လို့ လည်း အသိပေးချက်နဲ့ဖော်ပြထားပါတယ်။