အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေကို စစ်အာဏာရှင်ရဲ့ နည်းလမ်းပေါင်းစုံနဲ့ပိုမိုဖိနှိပ်လာတာ ကို နားမဆံ့အောင်ကြားသိနေရပြီး ဖိနှိပ်မှုရှိလျင် တော်လှန်မှုရှိသည်ဆိုတဲ့ တော်လှန်ရေးနိယာမအတိုင်း တော်လှန်သောလမ်းစဉ်အသီးသီးကို ရှာကြံနေ
ကြတဲ့ လူမျိုးပေါင်းစုံလူထုအတွက် SSPP/SSA က အားလုံးကို လက်ခံကြိုဆိုနေမယ်လို့ ယနေ့ဖေဖော်ဝါရီ၂၂ ရက်စွဲနဲ့ထုတ်ပြန်တဲ့ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။
SSPP/SSA ဟာ ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေးရဲ့တောင်းဆိုချက်အရ တော်လှန်ရေးကိုဦးဆောင်နေတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလူထုကပေါက်ဖွားလာခဲ့တာဖြစ်ပြီး လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ကာ အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးကို အစဉ်တစိုက်ဦးတည်လုပ်ဆောင်နေတဲ့ အစဉ်အလာရှိတဲ့ ပါတီနဲ့တပ်မတော်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် SSPP ရဲ့ လမ်းစဉ်မူဝါဒွေကို လက်ခံယုံကြည်သူ မည်သူ့ကိုမဆို လက်ခံကြိုဆိုနေပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးကို ဦးတည်ထားတယ်လို့ဆိုပါတယ်။