စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ယနေ့ (ဇွန်လ ၁) နံနက်ပိုင်း၌ တန့်ဆည်ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ပြည်သူများက “ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကို တည်ဆောက်ကြ” ၊ “ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် ကိုင်စွဲချီတက်” စသည့် စာသားများကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီက ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။