အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းယူချိန်မှ စတင်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ အုပ်ချုပ်စီမံမှုတို့ကို ဆန့်ကျင်ပြီး ပြည်သူနဲ့ အတူ ရပ်တည်လာတဲ့ CDM မိတ်ဆွေများနဲ့ လက်တွဲပြီး ၊တော်လှန်ရေး လုပ်ငန်းများ နဲ့ ဒေသအကျိုးပြုလုပ်ငန်းတို့ကို ပူးတွဲဆောင်ရွက်နေတယ်လို့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ပြောကြားလိုက်ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ၂၀၂၄ ခုနှစ်မှာ မြို့ပေါ်အပါအဝင် မြို့နယ် ၇ ခုတို့မှာ အာဏာရှင် ယန္တရားကင်းစင်တဲ့ တအာင်းဒေသအဖြစ်ကို ရောက်ရှိအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
CDM မိတ်ဆွေများအနေနဲ့ တအာင်းဒေသမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့နဲ့အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အာဏာရှင်စနစ်ကျဆုံးရေး လုပ်ငန်းစဥ်တို့မှာ ပူးပေါင်းဆောင်ရွက်နိုင်ပါရန်အတွက် CDM ဝန်ထမ်းများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်တယ်လို့ အသိပေး အကြောင်းကြားပါတယ်။